စစ်ကြောင်းထိုးလာတာကြောင့် ကန်ပက်လက်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်

photo-ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အမှတ်၅တိုက်နယ်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတာ ကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကန်ပက်လက်မြို့၊ အမှတ်(၅) တိုက်နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ရုတ်တရက်နောက်ကြောင်းပြန်ဆုတ်လာတဲ့အတွက် အဲဒီလမ်းကြောင်းပေါ်က ပြည်သူတွေကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘေးကင်းရာနေရာတွေဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်သူတွေ စစ်ရှောင်ထွက်ပြေးကြတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ကန်ပက်လက်မြို့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။