ဧရာဝတီမြစ်ကြောင်းအတွင်း ဆီ သင်္ဘော လုံခြုံရေးလိုက်ပါလာတဲ့ သင်္ဘော ကို ဒရုန်းနဲ့ အီနာဂါဗုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်သားတွေထိုင်နေတဲ့ အလယ်တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရပါတယ်။
ဇွန်လ၁၃ရက်နေ့ ညနေ၄နာရီလောက်က ၆၀မမ လက်နက်ကြီးတပ်ဆင်ကာ ဆီ သင်္ဘော လုံခြုံရေးလိုက် ပါလာ တဲ့ သင်္ဘော ကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သင်္ဘော ကုန်းပတ် ပေါ်ရပ်နေတဲ့ စစ်သား၂ဦးထွက်ပြေးနိုင်ခဲ့ကာစစ်သား၆ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအ ဖွဲ့က မနေ့ညက ထုတ်ပြန်ပါတယ်။
ဇွန်လ၁၃ရက်နေ့ မနက်၁၀နာရီကျော်လောက်ကလည်း ဆီ သင်္ဘောနဲ့ လုံခြုံရေးလိုက်ပါလာတဲ့ သင်္ဘော ၈စီး ကိုမြင်းခြံမြို့နယ်၊ဆီမီးခုံဆိပ်ကမ်းကနေ လမ်းကြောင်းရှင်းပစ်ခတ်သွားကြိုတဲ့ သင်္ဘော ကို တော်လှန်ရေးအင် အားစုတွေက လမ်းခုလတ်မှာ တိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စနိုက်ပါနဲ့ အဆက်မပြတ် ပြန်လည်ပစ်ခတ်နေတာကြောင့် တော်လှန်ရေးအင်အားစုတွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအ ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ဒေသတွင်းမဟာမိတ်၉ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါတယ်။