မြန်မာ့နောက်ဆုံးအခြေအနေ ကုလညီလာခံမှာ ဒေါက်တာနိုလင်းဟေဇာ အစီရင်ခံမယ်

မြန်မာနိုင်ငံရဲ့နောက်ဆုံးအခြေအနေကို ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က ဇွန်လ ၁၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစီရင်ခံ တင်ပြဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
ကုလအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ်ဒေါက်တာနိုလင်းဟေဇာဟာ စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ ရှန်ဂရီလာဆွေးနွေးပွဲမှာ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအရေးကို နိုင်ငံတကာက စုပေါင်းတုံ့ပြန်ဖို့အရေးတကြီးလိုအပ်နေတယ်လို့ ပြော ကြားခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် နိုင်ငံတကာရဲ့ ညီညွတ်တဲ့ အားပေးကူညီမှုတွေ လိုအပ်နေတယ်လို့ သူကဆိုပါ တယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုတွေ၊ လူမှောင်ခိုလုပ်ငန်းတွေနဲ့ တခြားတရားမဝင် လုပ်ငန်းတွေဟာ စံချိန်တင် များပြားလာနေပြီး အကြမ်းဖက်မှုနဲ့ မတည်ငြိမ်မှုတွေ တိုးလာနေတာကြောင့် မြန်မာနိုင်ငံ နယ်နိမိတ်ကိုပါ ကျော်လွန် ရိုက်ခတ်လာနေပြီလို့လည်း သတိပေးခဲ့ပါတယ်။
ရှန်ဂရီလာဆွေးနွေးပွဲမှာ မြန်မာ့အရေးဆွေးနွေးပွဲကို ဇွန်၁၁ရက်နေ့ကကျင်းပခဲ့ပြီး ကုလအတွင်းရေးမှူးချုပ် ရဲ့ အထူးကိုယ်စားလှယ်နိုလင်းဟေဇာ၊ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက် ၊မလေးရှား နိုင်ငံခြားရေးဝန်ကြီး နဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တို့လည်း ဆွေးနွေးခဲ့ကြပါတယ်။