ချင်းပြည်နယ်၊ တီးတန်မြို့ပေါ်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်

ဇွန်လ ၁၂ ရက်နေ့ ည ၉ နာရီကျော်မှာ အကြမ်းဖက်စစ်တပ်က တီးတိန်မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“နာရီစင်အောက်အိမ်တစ်အိမ်ရယ်၊ သမဝါယာမဝန်ထမ်းအိမ်ရာလေးခန်းတွဲပေါ့အဲဒါရယ်၊ တိုင်းရင်း ဆေးရုံရယ် ထိတယ်၊ အခွန်ရုံးရောထိတယ်၊ ရဲစခန်းအောက်နားအိမ်တွေကို ကျည်ဆံလာတွေ လာမှန်လို့ ပြတင်းပေါက်မှန်တွေကွဲတယ်။ လူထိခိုက်မူရှိတယ်လို့ တော့ခုထိမကြားသေးဘူးဗျ။”လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ချင်းအမျိုးသားတပ်ဦး CNF တို့အကြား ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ကတော့ တီးတိန်မြို့ပေါ်ကိုပါ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
CNF အဖွဲ့က အရင်က အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ထိုးထားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တခုပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) မှာလည်း ပါဝင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်က နိုင်ငံ့အာဏာကို လုယူပြီးနောက်ပိုင်းမှာ တော်လှန်ရေးအစိုးရဖြစ်တဲ့ NUG နဲ့ပူးပေါင်းပြီး အာဏာရှင်စနစ်ကို တွန်းလှန်နေတာ ဖြစ်ပါတယ်။