ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးရွာတွေကို အကြမ်းဖက် စစ်အုပ်စုလက်နက်ကြီးနဲ့ ပစ်ခတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ဒလဆိပ် ကျေးရွာအုပ်စု၊ လိန်ပင်ကျေးရွာအတွင်းကို အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။
မနေ့ကဇွန်လ ၁၂ ရက်နေ့မှာအကြမ်းဖက် စစ်တပ်မှ စစ်တောင်မြစ်အနောက်ဘက်ကမ်း အင်းပရိ ကျေးရွာအနီး အခြေစိုက်ပြီး လိန်ပင်ဝဲကျေးရွာကို လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ပြီး ပစ်ချတဲ့ အလုံးရေ အရေအတွက်ကို အတိအကျမသိရှိရသေးဖူးလို့ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် အိမ်ခြေ(၂၅၉) လုံးနဲ့ လူဦးရေ(၁၁၈၄)ဦးနေထိုင်တဲ့ လိန်ပင်ဝဲကျေးရွာမှ ပြည်သူတွေ နေရပ်စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။
တစ်ဖက်မှာလည်း လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး စစ်အင်အားတွေတိုး ချဲ့နေတယ်လို့ဖော်ပြထားပါတယ် ။မုန်းဘက်မှ ကျောက်ကြီးမြို့သို့ စစ်ကား(၇)စီး ဝင်ရောက်လာခဲ့ပြီး ၎င်းကား(၇)စီးအတွင်း အချို့ကားတွေ ကအလုံပိတ်ထားပြီး အချို့ကားတွေမှာ လူအင်အားအပြည့် ပါတယ်လို့ဆိုပါတယ်။
အလုံပိတ်ကား အစီးရေနဲ့ လူအင်အားအရေအတွက်ကို အတိအကျမသိသေးကြောင်းထည့်သွင်းဖော်ပြထားပါတယ်။
ဇွန်လ(၁၁)ရက်နေ့မှာလည်း အင်းနက်ကျေးရွာအုပ်စု၊ နရွဲပင်ကျေးရွာနဲ့ ကြို့ကုန်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ချခဲ့သေးတယ်လို့ဆိုပါတယ်။ အင်းနက်ကျေးရွာကို လက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် အိမ်ခြေ(၈၀)နဲ့ လူဦးရေ(၄၄၄)ဦးရှိတဲ့ ကြို့ကုန်းကျေးရွာ၊ အိမ်ခြေ(၁၀၈)နဲ့ လူဦးရေ(၅၄၈)ဦးရှိသော နရွဲပင်ကျေးရွာနေပြည်သူတွေနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။
photo- KNU