ရွှေကူမှာတိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်သား ၅၀လောက်သေဆုံးတယ်လို့ပြေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်သား၅၀လောက် သေဆုံးခဲ့ကြောင်း မြို့လှPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းရွာကနေ ကျောက်ကြီးရွာဘက် ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် ခမရ ၄၁၅ တပ်နဲ့ မြို့လှ KPDF တပ်တို့ ဇွန်လ၁၂ရက်နေ့၊မနက်၉ နာရီ မိနစ်၅၀ လောက်ကစပြီး အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က အမြောက်အမြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့လှPDF ကထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က စစ်ကူထပ်မံရောက်ရှိလာရာ မြို့လှ KPDF တပ်နဲ့ ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး တိုက်ပွဲ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။