ဂန့်ဂေါမြို့နယ် သာကောင်းရွာမှာ အကြမ်းဖက်တပ်စစ်ကြောင်းတွေ အင်အားစုနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနှစ်ခုတို့ဟာ ဒီနေ့ဇွန်လ ၁၂ ရက် မနက်ပိုင်းက သာကောင်းရွာမှာ စုစည်းနေကြပြီလို့ ဓေသခံတွေဆီက သိရပါတယ်။
အဲဒီစစ်ကြောင်းနှစ်ခုပေါင်းပြီး သာကောင်းရှဉ်းရှည်က စစ်ဘေးရှောင်စခန်းတွေကို တောနင်းရှာဖွေလိမ့်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စစ်အုပ်စုစစ်ကြောင်းတွေဟာ ကန်ရွာနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတာဖြစ်ပြီး ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ပြန်လည်တုန့်ပြန်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက DNAကို ဇွန်လ ၁၁ ရက်နေ့မှာ ပြောထားပါတယ်။
ရှည်းရှည်ရွာဟာ ကန်ရွာနဲ့နှစ်မိုင်ခွဲခန့်သာဝေးပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကန်ရွာမှာ စခန်းချနေတဲ့ စစ်ကြောင်းဟာ ရွာခံအိမ်တွေက ပစ္စည်းတွေကို စိတ်ကြိုက်ယူဆောင်တာမျိုးတွေ လုပ်ဆောင်ခဲ့ပါတယ်။