စစ်ကိုင်းတိုင်း ၊ တမူးမြို့အဝင်မှာ အကြမ်းဖက်စစ်သားတွေက ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို ဇွန်လ ၁၀ ရက်နေ့ မနေ့ညက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
“တမူးမှာ ညမထွက်ရ အမိန့်ထုတ်ထားတာမှန်ပါတယ်။ ဒါပေမယ့်သူတို့ပစ်သတ်တဲ့အချိန်က ၇ နာရီ ဝန်းကျင်ဗျာ။ ခုကာလမှာ ၇ နာရီဆိုတာမှောင်သေးတာမဟုတ်ဘူး။ သတ်ချင်သတ်မှာဘဲဆိုတဲ့ သဘောပါပဲဗျ”လို့ ဆိုပါတယ်။
တမူးမြို့၊စျေးတန်း(၉) ရပ်ကွက်မှာနေထိုင်တဲ့ ငိုက်ရှမ်းနန်ဟာ ကလေး- တမူး လမ်းမကြီးအတိုင်း တမူးမြို့ကို ဆိုင်ကယ်စီးပြီးဝင်အလာမှာ ပစ်သတ်ခံရတာလို့ သိရပါတယ်။
ငိုက်ရှန်းနန်ရဲ့အလောင်းကိုတော့ ဒီမနက်ဇွန်လ ၁၁ရက်နေ့မှာ မှာ မိသားစုက အိမ်ကို ပြန်လည် ယူဆောင်ခဲ့ပါတယ်။