စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အလယ်ခုံရွာ၊ ဇော်ချောင်းရွာနဲ့ အောက်တွဲရွာတွေကို အကြမ်းဖက် စစ်အုပ်စုက ဇွန်လ ၈ ရက်၊ ၉ ရက်နဲ့ ၁ဝ ရက်နေ့ ၃ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၈၈ လုံးပြာကျခဲ့တယ်လို့ Kotaungbo Revolution KTB-R အဖွဲ့ကထုတ်ပြန်ပါတယ်။
အလယ်ခုံကျေးရွာကို အကြမ်းဖက် စစ်အုပ်စုက ဇွန်လ ၈ ရက်နေ့မှာဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး နေအိမ် ၁၆၄ လုံး မီးလောင်ပြာကျခဲ့ကာ စပါးတင်း သုံးသောင်းကျော် မီးလောင်ပျက်စီးခဲ့တာပါ။ အလယ်ခုံကျေး ရွာမှာ နေအိမ် ၄ဝဝ ကျော်ခန့်ရှိပြီး အကြမ်းဖက် စစ်တပ် ရွာထဲမှ ပြန်လည် ထွက်ခွာချိန်တွင် ပြည်သူများ အချိန်မှီ မီးငြိမ်း နိုင်ခဲ့သောကြောင့် ရွာလုံးကျွတ် မီးလောင်ကျွမ်းခြင်း မရှိခဲ့တာလို့ဆိုပါတယ်။
ဇော်ချောင်းရွာကိုလည်း အကြမ်းဖက် ဝင်ရောက် မီးရှို့ခဲ့ပြီး နေအိမ် ၈၉ လုံး မီးလောင်ခဲ့သလို အောက်တွဲရွာအတွင်းကိုတော့ ဇွန်လ ၉ ရက်နေ့နဲ့ ၁ဝ ရက်နေ့တွေမှာ ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၅ လုံး စပါးတိုက် ၂ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။