အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပထမဆုံး ပြန်လည်သတ်မှတ်ခဲ့တဲ့ မီနီဘတ်ဂျက်ကာလ အတွင်း တရုတ်နဲ့ ကုန်သွယ်မှု ၁ဘီလီယံကျော် ကျဆင်းခဲ့ကြောင်း ISP-Myanmar ကထုတ်ပြန်ပါတယ်။
တရုတ်နဲ့ ကုန်သွယ်မှုဟာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော်ရှိခဲ့ပြီး ကာလတူနှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် လျော့နည်းသွားခဲ့ပါတယ်။
မီနီဘတ်ဂျက်ကာလအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံကျော် ရှိပါတယ်။
ထိုင်းနဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃ ဘီလီယံနီးပါးရှိပြီးကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ကာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဉ်ရင်အမေရိကန်ဒေါ်လာသန်း ၅၂၀ကျော် တက်လာတယ်လို့ ISP-Myanmar က ဆိုပါတယ်။
ဒေသတွင်းအစုအဖွဲ့တွေဖြစ်တဲ့ QUAD နဲ့ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော်ရှိပြီး၊ ဥရောပသမဂ္ဂ (EU) နဲ့ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံကျော် ရှိခဲ့ပါတယ်။
မီနီဘတ်ဂျက်ကာလမှာ ပို့ကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလီယံနီးပါး တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ အမေရိကန်ဒေါ်လာ ရှစ် ဘီလီယံနီးပါး တင်သွင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်နဲ့နှိုင်းယှဉ်ရင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာသန်း၁၆၀ကျော် လျော့နည်းခဲ့ကြောင်း ISP-Myanmar ကဆိုပါတယ်။