တရုတ်ဆီရရှိတဲ့ အချက်အလက်မလုံလောက်တာကြောင့် ကိုဗစ်ဇစ်မြစ်ကို မဖော်ထုတ်နိုင်သေးဘူးလို့ WHO ပြော

Photo – Reuters

တရုတ်နိုင်ငံဆီက ကိုဗစ်နဲ့ပတ်သတ်တဲ့ အချက်အလက်တွေ ပျောက်ဆုံးနေတာကြောင့် ရောဂါဇစ်မြစ်နဲ့ ပတ်သတ်ပြီး နောက်ဆုံး စုံစမ်းစစ်ဆေးမှုဟာ ခိုင်လုံမှုမရှိသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဇွန်လ ၉ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ဒါဟာ ကပ်ရောဂါဘယ်လိုစဖြစ်လာသလဲဆိုတာ အဖြေထုတ်ဖို့ WHOရဲ့နှစ်ချီကြိုးပမ်းချက်ကို အချည်းအနှီးဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ 

ရရှိနိုင်တဲ့ အချက်အလက်အားလုံးဟာ လင်းနို့လို တိရစ္ဆာန်တွေကနေတဆင့် COVID-19 ကိုဖြစ်စေတဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးဆိုတာကို ပြသနေတယ်လို့ WHO ကျွမ်းကျင်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ တရုတ်နိုင်ငံကို သွားရောက်လေ့လာပြီးနောက် ၂၀၂၁ ခုနှစ်မှာ WHOရဲ့ အရင်က လုပ်ဆောင်ခဲ့တဲ့ ကောက်ချက်နဲ့အလားတူပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ တောင်းဆိုတဲ့အတိုင်း အချက်အလက်တချို့ ပေးခဲ့တယ်လို့ ဆိုပေမယ့် အခုနှစ် ဖေဖော်ဝါရီလမှာ WHO  ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ဟာ တရုတ်အစိုးရကို နှစ်ကြိမ်တိုင်တိုင် သတင်းအချက်အလက်တွေပိုမိုရှာဖွေဖို့ တောင်းဆိုခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လူပေါင်း ၁၅ သန်းထက်မနည်း သေဆုံးခဲ့တဲ့ ကပ်ရောဂါရဲ့မူလအစဟာ နိုင်ငံရေးသဘောသက်ဝင်လာပြီး အလားတူဖြစ်ပွားမှုကို ကာကွယ်ဖို့အတွက် အခုလက်ရှိဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ထုတ်ဖို့အရေးကြီးတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

 ဒါပေမယ့် အချက်အလက်ပြည့်ပြည့်စုံစုံမရှိတာကြောင့် လုပ်ဆောင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သိပ္ပံနည်းကျအကြံပေးအဖွဲ့ (SAGO) ကပြောပါတယ်။

၂၀၂၁ အစီရင်ခံစာမှာ ဓာတ်ခွဲခန်းယိုစိမ့်မှုသီအိုရီဟာ ဖြစ်နိုင်ဖို့မရှိဘဲ  ဖြစ်နိုင်ခြေအရှိဆုံး သီအိုရီက တိရစ္ဆာန်တွေကနေတဆင့် ကူးဆက်တာဖြစ်နိုင်တယ်လို့ အကြံပြုထားပါတယ်။ သီအိုရီနှစ်ခုစလုံးဟာ သဘာဝဇစ်မြစ်ဆီကို ဦးတည်လွန်းပေမယ့် နှစ်ခုလုံး ဖြစ်နိုင်ချေရှိတယ်လို့  နောက်ပိုင်းမှာ အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာက ဆိုပါတယ်။