ရန်ကုန်နဲ့ဒလ၊ ဆိပ်ကြီးခနောင် သင်္ဘောဆိပ် ၊သမ္ဗန်ဆိပ်အားလုံးကို အကြမ်းဖက်စစ်တပ်က ပိတ်ထား

အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရေယာဥ်တွေ ရန်ကုန်မြစ်အတွင်း ကင်းလှည့်နေပြီး ရန်ကုန်နဲ့ဒလ၊ ဆိပ်ကြီးခနောင်ဘက်ကို သွားလာမယ့် သမ္ဗန်ဆိပ်အားလုံးကို ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ချယ်ရီသင်္ဘော အပါအဝင် ဘယ်စက်လှေကိုမှအကြမ်းဖက်စစ်တပ်က ဖြတ်သန်းခွင့်မပြုတဲ့အတွက် နှစ်ဖက်သွားလာမယ့် ခရီးသွားပြည်သူတွေဟာ သင်္ဘာဆိပ်နဲ့ သမ္ဗန်ဆိပ်တွေမှာ စောင့်ဆိုင်းနေကြရတာပါ။
“ဘယ်သင်္ဘော၊ဘယ်သမ္ဗာန်မှ သွားလို့မရဘူး။ပိတ်ထားတာ။ဘယ်အချိန်မှ ပြန်ဖွင့်မလဲလည်း မသိသေးဘူး။ဒီမှာစောင့်နေတဲ့ လူတွေကတော့ အများကြီးပဲ။” လို့ တစ်ဖက်ကမ်းကူးဖို့စောင့်နေတဲ့ ခရီးသွားပြည်သူတစ်ဦးက DNA ကို ပြောပါတယ်။
သင်္ဘောဆိပ်နဲ့ သမ္ဗန်ဆိပ်တွေကို ဒီကနေ့ နေ့လည် ၁နာရီလောက်ကနေ စပြီးပိတ်ပစ်လိုက်တာလို့လည်း ခရီးသွားပြည်သူတွေက ပြောပါတယ်။
သတင်းတွေအရ ရန်ကုန် ၊ ဒလ တံတားစီမံကိန်းကို အကြမ်းဖက်စစ်တပ်က ခေါင်းဆောင်ပိုင်းတွေ ရောက်လာဖို့ ရှိတဲ့အတွက်ကြောင့် အခုလို မြစ်အတွင်းမှာ လုံခြုံရေးကို တင်းကြပ်ထားပြီး ၊ အများပြည်သူ ခရီးသွားလာတာကို ပိတ်ပင်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ထွက်ပေါ်နေပါတယ်။