ထိတွေ့တိုက်ပွဲ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ဂန့်ဂေါ-အိုက္ကား လမ်းပိုင်းကို မသုံးကြဖို့ ဂန့်ဂေါ PDF (တောင်ပိုင်း)က သတိပေးလိုက်ပါတယ်။
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ပြင်သာရွာ ပေါ်လယ်ရွာ၊ အန်းတားရွာနဲ့ ဝက်ချီပါရွာကြား ပေါ်လယ်ချောင်းတစ်ဝိုက် ၂ရက်ကျော် ပျောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဇွန်လ၇ရက်နေ့ မနက် ၁၁နာရီလောက်က ရောင်နက်ရွာ ထဲ ရောက်ရှိခဲ့ပြီဖြစ်ပြီးဂန့်ဂေါ PDF နဲ့ ပူးပေါင်းအဖွဲ့က အနီးကပ်ကင်းထောက်ရာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခဲ့ခံရပေမဲ့ ထိခိုက်မှုမရှိကြောင်း ဂန့်ဂေါ PDF (တောင်ပိုင်း)ကထုတ်ပြန်ပါတယ်။
ဇွန်လ၅ရက်နေ့ကဆည်ပေါ်ရွာကနေ မြောက်ဘက်ကို ထွက်လာတဲ့အဲဒီ စစ်ကြောင်းဟာ ပြင်သာရွာနဲ့ ပေါ်လယ်ရွာကပြည်သူ ၆ ဦးကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး ညအိပ်ပြီးတောနင်းနေခဲ့တာပါ။
အခုအခါဖမ်းဆီးသွားတဲ့ လမ်းပြတွေပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။