စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်အုပ်စုပစ်မှတ်တွေကို PDF တပ်ပေါင်းစုက လက်နက်ကြီးနဲ့အချက်၁၂၀ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်၂ဦးအပါအဝင် ၅ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့ရဲစခန်း၊ ကြံ့ဖွံ့ရုံးနဲ့ လုံခြုံရေးဘန်ကာတွေအပါအဝင် မြို့ပေါ် စစ်တပ်၊တပ်စွဲထားတဲ့နေရာများကို PDFတပ်ပေါင်းစုက ဇွန်၅ရက်နေ့ည၁၀နာရီ ၁၅မိနစ်လောက်က စတင် ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဆားလင်းကြီး PDF က သတင်းထုတ် ပြန်ကြောင်း ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးကဖော်ပြပါတယ်။
လက်နက်ကြီးကျည်တွေဟာ ကြံ့ဖွံ့ရုံး၊ ရဲစခန်းလိုင်းခန်း၊ ဘောလုံးကွင်း၊စခန်းဘန်ကာတွေနဲ့ ကင်းပုန်းနေရာတွေဆီ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဆားလင်းကြီး PDF၊ ချင်းတွင်း ဂဠုန်ရာဇာ၊ BED ငညို လက်နက်ကြီးအဖွဲ့၊ ဆားလင်းကြီး GZ၊ One Star Task Force၊ သမန်းကျားတပ်ဖွဲ့၊ Y.P.F၊ S.R.A၊ C.D.F၊ သေမင်းတမန်ပြောက်ကျားအဖွဲ့၊ စစ်သူကြီးအဖွဲ့၊ တောဘုရင်၊ Killers United၊ Federal Democratic Revolution Force၊ Brother Defence Force (B.D.F)နဲ့ Fight For Freedom (F.F.F) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။