ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်မှာ ဒီမိုကရေစီရေး ဆန္ဒပြသူတွေအပေါ်တရုတ် ကွန်မြူနစ် အစိုးရက သွေးထွက်သံယို ဖြိုခွင်းခဲ့တဲ့ ၃၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်ဝမ်မှာ ဇွန်လ ၄ရက်က လူရာနဲ့ချီ စုဝေးခဲ့ကြပါတယ်။
စုဝေးတဲ့နေရာမှာ ဆန္ဒပြမှုတွေကို တားဆီးဖို့ တရုတ်ပြည်မကြီးလက်အောက်ခံ ဟောင်ကောင်အုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေး ထူထပ်စွာ ချထားခဲ့တယ်လို့ သိရပါတယ်။
တက်ကြွလှုပ်ရှားသူတွေက တီယန်နန်မင်ဆန္ဒပြသူတွေရဲ့ အထိမ်းအမှတ် Pillar of Shame ရုပ်တုအသစ်ရှေ့မှာ စုဝေးခဲ့ပါတယ်။ အဲဒီရုပ်တုဟာ ဆယ်စုနှစ် နှစ်ခုကျော်ကြာတည်ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလမှာ ဟောင်ကောင်ထိပ်တန်းတက္ကသိုလ်တစ်ခုက သူရဲ့ကျောင်းဝင်းကနေ ဖယ်ရှားခံရတာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ ၁၉၈၉ ခုနှစ် ဇွန် ၄ ရက်က ဆန္ဒပြသူတွေကို ရက်ရက်စက်စက်ဖြိုခွင်းမှုကြောင့် သေဆုံးသူခဲ့ရတဲ့ လူအရေအတွက်ကို အတိအကျမဖော်ပြခဲ့ပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မျက်မြင်သက်သေတွေရဲ့အဆိုအရ အရေအတွက်ဟာ ထောင်နဲ့ချီ ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် နှစ်ပတ်လည်အထိမ်းအမှတ်မှာ စုဝေးမှုပြလုပ်မယ့် ဟောင်ကောင်ပန်းခြံကို ရဲတပ်ဖွဲ့က တားဆီးပိတ်ဆို့ခဲ့ပြီး ပွဲစီစဉ်သူကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ်ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာတော့ လူပေါင်း ၁သိန်း၈သောင်းကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကန်က တီယန်နန်မင် ဖြိုခွင်းမှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ ချေမှုန်းမှု ဖြစ်တယ်လို့ ကြေငြာချက်မှာ ထည့်သွင်းပြောကြားခဲ့ပြီး “ဒီရဲရင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မေ့သွားမှာ မဟုတ်ဘူး” လို့ ဆိုခဲ့ပါတယ်။