စစ်ကိုင်းတိုင်း၊ ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကနီမြို့နယ်ထဲက ဖုန်းလိုင်းအားလုံးကို ဖြတ်တောက်ထားပြီး ဒီနေ့မနက် ၈ နာရီ လောက်က ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ရပ်ထားသော အကြမ်းဖက်စစ်တပ် ရေယာဉ်အုပ်စုဟာ ဆက်လက်စုန်ဆင်းလာခဲ့ရာ ပန်းဆိုင်းရွာနဲ့ မုဌောရွာအနီးအရောက်ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ကနီမြို့နယ်သတင်းက ဆိုပါတယ်။
ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေကို မီးရှို့နိုင်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ပြောတဲ့အတွက် ပြည်သူတွေအ နေနဲ့ ဘေးကင်းရာကို ရှောင်တိမ်းနေထိုင်ကြဖို့ ကနီမြို့နယ်သတင်းက သတိပေးထားပါတယ်။
ဇွန် ၃ ရက်နေ့က မုဌောအနောက်ရွာမှာ တပ်ချထားတဲ့စစ်တပ်ဟာ မုဌောရွာက အိမ်တွေကိုမီးရှို့ခဲ့ပေမဲ့ မီးလောင်ကျွမ်းခဲ့တဲ့ အိမ်ဘယ်လောက် ရှိသလဲဆိုတာကို မသိသေးပါဘူး။
ပုံစာ-ကနီစစ်ရှောင်တွေ