
ဂျာမနီနိုင်ငံတောင်ပိုင်းက နာမည်ကြီး နှင်းလျှောစီးအပန်းဖြေစခန်းအနီးမှာ ဇွန်လ ၃ရက်နေ့က ဒေသတွင်းပြေးဆွဲတဲ့ ရထားတစ်စင်း လမ်းချော်တိမ်းမှောက်ခဲ့ပြီး လူလေးဦးသေဆုံးကာ လူ၃၀ ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိရဲအရာရှိက ပြောပါတယ်။
ရထားတိမ်းမှောက်မှုဟာ ဘာဗေးရီးယားပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး ခရီးသည် ၆၀ လိုက်ပါလာခဲ့တာပါ။ ကနဦးသတင်းအရ လူလေးဦးသေဆုံးပြီး ဒဏ်ရာရသူ ဆယ့်ငါးဦးဟာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
ရထားပေါ်မှာ ကျောင်းသူကျောင်းသားအများအပြားရှိခဲ့တယ်လို့ လူ ၆၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာပေါ်ရှိ ဓာတ်ပုံတွေမှာ နှစ်ထပ်ဒေသရထားတစ်စင်းဟာ သစ်ပင်အကိုင်းအခက်တွေကြားမှာ ပိတ်မိနေပြီး တာတမံပေါ်ကနေ လိမ့်ကျနေတာကို တွေ့ရပါတယ်။
အဓိက အရေးပေါ်ဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီး ရထားလိုင်းကို လုံးဝပိတ်ထားခဲ့ပါတယ်။ အစိုးရရှေ့နေတွေနဲ့ ရဲတွေ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
ဂျာမနီနိုင်ငံအနှံ့ ခရီးသွားခွင့်ပြုတဲ့ တန်ဖိုးနည်း လက်မှတ် အသက်ဝင်လာပြီးကတည်းက ဒေသတွင်းရထားခရီးစဉ်ပြေးဆွဲမှုတွေဟာ ဇွန် ၁ ရက်နေ့ကစတင်ပြီး ခရီးသည်ဦးရေ တိုးမြင့်လာတယ်လို့ သိရပါတယ်။