ပုသိမ်ကြီးမှာ ရဲတစ်ယောက် သေနတ်နဲ့ အပစ်ခံရ

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာအနီးမှာ စစ်အုပ်စု လက်အောက်ခံ ရဲတပ်သားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၃ရက်နေ့ မွန်းလွဲ ၂နာရီလောက်က ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးမှာ အစောင့်တာဝန်ကျနေတဲ့ ရဲတပ်သား ရာဇာသိန်းဟာ နေအိမ်ကို အပြန်လမ်းဖြစ်တဲ့ ကုန်းတင်းကျေးရွာ ရေနီမြောင်းဘောင်ပေါ်မှာ ကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။