ပုံညာကဆင်းလာတဲ့စစ်တပ် တိုက်ခိုက်ခံရ၊အဆင့်မြင့်အရာရှိတစ်ဦးအပါအဝင် ၃၀ကျော်သေ

ပုံညာတောင်တန်းကဆင်းလာတဲ့အကြမ်းဖက်စစ်တပ်ကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ၂ကြိမ် ဆီးကြို တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူးထက်မနိမ့်တဲ့ အဆင့်မြင့်အရာရှိတစ်ဦးအပါအဝင် စစ်သား၃၀ကျော်သေဆုံးခဲ့ ကြောင်းသိရပါတယ်။
မကွေးတိုင်း၊ကျောမြို့ ကပစ(၂၃)ကနေ ထွက်ခွာလာတဲ့စစ်ယာဉ်တန်း၈စီးကို ပုံညာတောင်တန်းအဆင်းမှာ ဇွန်၂ရက်နေ့၊မနက်၈နာရီလောက်က ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF)တပ်ရင်း၁၃က မိုင်းစစ်ဆင်ရေး အပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ယာဉ်တန်းရဲ့နောက်ဆုံး ကား(၂) စီး ပျက်စီးခဲ့ပြီး စစ်သား (၁၀) ဦး ကျော် သေဆုံးကာ အပြင်းအထန်ဒဏ်ရာ ရရှိသူတွေလည်းရှိကြောင်း YDF ကထုတ်ပြန်ပါ တယ်။
ပထမတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူအဖြစ်လိုက်လာတဲ့ စစ်ကား၄စီးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ဖြန့်ခွဲ နေရာမယူနိုင်ခင် လက်နက်ကြီးနဲ့ ချက်ချင်းပစ်ခတ်ခဲ့ရာ စစ်သား၂၀လောက်သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိကြောင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲ အပြီးမှာ ရဟတ်ယာဉ်တစ်စီးနဲ့ အလောင်းတစ်လောင်းကိုချက်ချင်း သယ်ယူသွားကြောင်း တွေ့ရတာကြောင့် အဆင့်မြင့်အရာရှိတစ်ဦး တိုက်ပွဲအတွင်း သေဆုံးသွားကြောင်း သုံးသပ်ရပါတယ်။
ကျန် သေဆုံးသွားတဲ့ တပ်သားတွေကို ရေမျက်နီရွာမှာ သင်္ဂြိုလ်ကြောင်း သိရပါတယ်။
အဲဒီတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာဂန့်ဂေါမြို့ဘက် ဦးတည်ထွက်ခွာလာခြင်းဖြစ်ပြီး စစ်ကားအစီး၆၀နဲ့ သံချပ်ကာယန္တရားတွေပါဝင်တယ်လို့သိရပါတယ်။
ပုံစာ-YDFရဲဘော်တွေ