“အင်တာနက်သာဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖြတ်လို့မရဘူး”မုံရွာသပိတ်စစ်ကြောင်း

ဒီနေ့ဇွန်လ ၂ရက်နေ့မှာစစ်ကိုင်းတိုင်းအတွင်း “အင်တာနက်သာဖြတ်လို့ရမယ် တော်လှန်စိတ်ကို ဖြတ်လို့မရဘူး”စာသားကိုင်ဆောင် သပိတ်စစ်ကြောင်းချီတက်ခဲ့ကြပါတယ်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂသပိတ်စစ်ကြောင်းနဲ့လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်း တို့ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာတွေကို စစ်အုပ်စုဘက်မှ ဖြတ်လေးဖြတ်လုပ်ထားပြီး စစ်ကြောင်း ထိုးမှုတွေပြုလုပ်နေတာပါ။ သတင်းစီးဆင်းမှု ရိက္ခာတွေကိုဖြတ်တောက်နေသလို ပြည်သူ့အိုး အိမ်တွေမီးရှို့ ဖျက်ဆီးတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကိုစစ်အုပ်စဘက်က နေ့စဉ်နဲ့အမျှ လုပ်နေလည်း ပြည်သူလူထုဟာ တုန်လှုပ်ခြောက်ခြားခြင်းမရှိပဲ စစ်အာဏာရှင်အမြစ်ပြတ်ရေးကိုသာ ဦးတည်ပြီး တော်လှန်နေကြ ဆဲလို့ဆို ပါတယ်။လူထုတစ်ရပ်လုံးလဲအာဏာရှင်ဆန့်ကျင်ရေးလမ်းစဉ်မှန်သမျှကို ဆန့်ကျင်တော်လှန် ပေးကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။