လောင်းလုံမှာ ကင်းလှည့်စစ်ကားနှစ်စီးကို မိုင်း ၄ လုံးခွဲ တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်း ကင်းလှည့်စစ်ကားနှစ်စီးကို ဒီနေ့မနက်ပိုင်းမှာ မိုင်း ၄ လုံးဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီ မိနစ် ၅၀ လောက်မှာ လောင်းလုံမြို့မရဲစခန်းကနေ ကင်းလှည့်လာတဲ့ ၁၅ ဦးပါ စစ်ကား ၂ စီးကို လောင်းလုံမြို့နယ်အောက်ပိုင်း တစ်နေရာမှာ လောင်းလုံ PDF နဲ့ Dawei Defense Team-DDT တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရာ လက်နက်အင်အားမမျှတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း လောင်းလုံ PDF က ထုတ်ပြန်ပါတယ်။
PDF ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်တပ်ဘက်ကထိခိုက်မှုကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ အနီးအနားကျေးရွာက ပြည်သူတွေနဲ့ လုံးဝမသက်ဆိုင်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ-မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာ