မေလအတွင်းစစ်အုပ်စုဝင် ၇၅ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း မြောင်အမျိုးသမီးတပ်ရင်းပြေ

မေလတစ်လတာအတွင်း မဟာမိတ်တွေနဲ့ပူးပေါင်းစစ်ဆင်ရေး ၇ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဝင်၇၅ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ထုတ်ပြန်ပါတယ်။
အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအပြင် မဟာမိတ်တွေရဲ့ စစ်ဆင်ရေးအတွက် မိုင်း ပံ့ပိုးမှုနဲ့ အားဖြည့်ဆောင်ရွက်နေတယ်လို့ လည်းဆိုပါတယ်။
အဲဒီလို စစ်ရေးဆိုင်ရာအရှိန်မြှင့်ဆောင်ရွက်နေသလို တခြားတစ်ဖက်မှာလည်း အကြမ်းဖက်စစ်တပ်ကမီးရှို့ ဖျက်ဆီးခြင်းခံထားရတဲ့ အိုးအိမ်မဲ့ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးနေတယ်လို့ ဆိုပါတယ်။
အိုးအိမ်နဲ့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ဆန်၊ပဲ၊ကြက်သွန်၊ငရုပ်သီးမှုန့် ၊အိုးခွက်ပန်းကန်စတာတွေကို စစ်ဘေးသင့်ပြည်သူတွေထံ အရောက်ပေးပို့လှူဒါန်းမှုတွေကိုလည်း ဦးဆောင် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ပါတယ်။