စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်ရဲကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်၁ရက်နေ့၊မွန်းလွဲ ၂နာရီခွဲလောက်က စစ်ကိုင်းကနေထွက်လာတဲ့ ရဲကားတစ်စီးကို မြင်းမူမြို့နယ် နပဲကြူးဇရပ် နဲ့ ကန်ပြားဇရပ်ကြားမှာ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force က မနေ့ညက ထုတ်ပြန်ပါတယ်။
‘ပြောက်ကျားရဲဘော်တေွက မိုင်းကို ပရော်ဖယ်ရှင်နယ်ကျွမ်းကျင်နေပြီဆိုတော့ အကုန်အကျလည်းသက်သာတော့ အဲဒါကိုပဲ အဓိကအားပြုတိုက်နေရတယ်။မိုင်းဆွဲပြီးတာနဲ့ ဖရိုဖရဲဖြစ်နေ တဲ့ကောင်တွေကို သေချာစောင့်ပစ်နိုင်ရင် ခွေးတွေပိုသေမယ်လို့ထင်တယ်။
ဒါပေမဲ့ တိုက်ပွဲတိုက်ဖို့ဆိုတာက မောင်းပြန်သေနတ်တွေရှိရုံတင်မကဘူး။ကျည်ဆန်ပါရှိမှ အဆင်ပြေမှာကိုး။ကိုယ့်အိတ်ကတ်ထဲကရန်ပုံငွေကို ကြည့်ပြီးတိုက်နေရတဲ့ဘဝ ဖြစ်နေတုန်းပဲ’လို့ မြင်းမူတောင်ပိုင်းရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးကပြောပါ တယ်။
မိုင်းဆွဲတိုက်ခိုက်ခြင်းကို Moe Nyo Revolution Force M.N.R.F က ဦးဆောင်ကာ PENTAGRAMငါးထောင့်ကြယ် ၊ PEOPLE REVOLUTION FORCE P.R.Fနဲ့ People’s Guerillas Commando – Myinmuတို့ ပူးပေါင်းပါဝင်ခဲ့ပြီး ပြောက်ကျားရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး။