
အရပ်သားပြည်သူ၊ဆေးရုံ၊ စာသင်ကျောင်း၊ ကျောင်းသားနဲ့ ကလေး တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုရှိလာပါက အကြမ်းဖက် စစ်အုပ်စုလက်ချက်သာဖြစ်ကြောင်း ကဝPDF ကဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အခြေခံပညာကျောင်းတွေကို ဗန်းပြပြီး တော်လှန်ရေး တပ်ဖွဲ့တွေက ကျောင်းတွေ၊ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေကို တိုက်ခိုက်နေသယောင် လီဆယ် လိမ်ညာပြီး ပြောက်ကျားနဲ့ ပြည်သူ သွေးကွဲစေဖို့ ဝါဒဖြန့်သွေးထိုးလှုံဆော်နေကြောင်း ကဝPDF ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ စည်းကမ်းကျင့်ဝတ်တွေကို တိကျစွာလိုက်န
ာနေပြီး အရပ်သားအပြစ်မဲ့ပြည်သူတွေနဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ကျောင်းသားနဲ့ ကလေးတွေကို ဘယ်တော့မှ ပစ်မှတ်ထား တိုက်ခိုက်သွားမှာ မဟုတ်ကြောင်းဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူလူထုကြောက်ရွံ့လာစေဖို့၊ ပြည်သူနဲ့ပြောက်ကျား သွေးကွဲစေဖို့ကို ရည်ရွယ်ကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းနဲ့ မတရားပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချ ခြင်း တွေ ပြုလုပ်နေတယ်လို့လည်းထုတ်ပြန်ပါတယ်။
ကဝPDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေကိုသာ သုတ်သင်ရှင်းလင်းခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ မြို့ပြပြောက်ကျား စစ်ဆင်ရေး ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ဖောက်ခွဲရေးသုံး ပစ္စည်းတွေကို မတော်တဆ တွေ့ရှိခဲ့ပါက အနီးကပ် စူးစမ်းကိုင်တွယ်ခြင်းမျိူးမပြုဘဲ ရှောင်ကွင်းသွားလာကာ မသိကျိုးကျွံပြု နေထိုင်ခြင်းနဲ့ တော်လှန်ရေးရဲဘော်တွေကို ကူညီေပးကြဖို့လည်း ပန်ကြားထားပါတယ်။