စစ်ကိုင်းတိုင်း မုံရွာမှာ “လုံး၀ အုပ်ချုပ်ခွင့်မရစေရ” ဘန်နာကို ဒီနေ့ဇွန်လ ၁ရက်နေ့မှာ ချိတ်ဆွဲပြီးလှုပ်ရှားမှူပြုလုပ်ခဲ့ပါတယ်။
မုံရွာမြို့ ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီးအဆိုပါ ဘန်နာကို မုံရွာမြို့ ယာဉ်ထိန်းရဲကင်းတစ်ခုမှာ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။