အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ အမျိုးသားအစောင့်တပ်ဖွဲ့နဲ့ ထိုင်ဝမ်စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မေ ၃၁ ရက်မှာ ပြောပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေး နည်းပါးပေမယ့် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါဆုံး နိုင်ငံတကာ ထောက်ခံအားပေးသူနဲ့ လက်နက်ထောက်ပံ့သူဖြစ်တယ်လို့ တရုတ်အစိုးရက ဆိုထားပါတယ်။
ထိုင်ဝမ်အနီးမှာ တရုတ်ဟာ သူ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး အမေရိကန်နဲ့ ပေါင်းစည်းမှုကို ဆန့်ကျင်ပြင်းထန်တဲ့ သတိပေးချက်အဖြစ် ထိုင်ဝမ်အနီးတစ်ဝိုက်မှာ မကြာသေးမီက စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ထိုင်ဝမ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုနီးကပ်ပြီး နက်ရှိုင်းလာဖို့ ကျွန်မတို့ မျှော်လင့်နေပါတယ်”လို့ ဆိုင်အင်းဝမ်က ပြောပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် Tammy Duckworth ထိုင်ဝမ်ကိုရောက်လာချိန်မှာ ထိုင်ဝမ်သမ္မတက အခုလိုပြောလိုက်တာပါ။
တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့သင်းကွဲပြည်နယ်တခုအဖြစ်သာ သတ်မှတ်ထားတာကြောင့် အမေရိကန်နဲ့ထိုင်ဝမ်အကြား အဆင့်မြင့်အရာရှိတွေ တွေ့ဆုံမှုကို ဆန့်ကျင့်လေ့ရှိပါတယ်။
“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေစိုးမိုးရေးကို ပြတ်ပြတ်သားသား ကာကွယ်ဖို့ တရုတ်နိုင်ငံအနေနဲ့ ခိုင်မာတဲ့ အစီအမံတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Zhao Lijian က ဘေဂျင်းမှာ ပြောခဲ့ပါတယ်။