ကနီမှာ တိုက်ပွဲပြင်းထန်ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေ

စစ်ကိုင်းတိုင်း အထက်ပိုင်း ကနီမြို့နယ်ထဲမှာ မနေ့က မေလ ၃၁ရက်မှာ အကြမ်းဖက်စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး သုံးပွင့်ဗိုလ် အပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၃၀နီးပါး သေဆုံးခဲ့တယ်လို့ ကနီနယ် ကျောက်လုံးကြီး – KLG PDF က သတင်းထုတ်ပြန်ပါတယ်။
ကနီမြို့ပေါ်က ထွက်လာတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် ၈၆ဦးကို မင်းကုန်းရွာနှင့် ညောင်ပင်ဝန်းရွာကြားမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ KLG PDF ၊ MPDF၊ Dragon Brothers Task Force – DBTF၊ Yoma Fighter (Yinmarbin PDF)၊ Spring Gurellia Platoon (နွေဦးပျောက်ကြားတပ်စု)၊ People Defence Army Yinmarbin နဲ့ ဒေသခံ ပကဖအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲ ပြင်းထန်နေချိန် အကြမ်းဖက်စစ်အုပ်စုက ဒရုန်းသုံး ပစ်ခတ်တိုက်ခိုက်သလို ရဟတ်ယာဉ်နဲ့ ပါလာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။ဒရုန်းဖြင့် တိုက်ခိုက်သဖြင့် ဒေသခံ ပကဖဘက် ရဲဘော် လေးဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။