ရုရှားက ဒတ်ခ်ျကို ဓာတ်ငွေ့ပေးပို့မှု ရပ်ဆိုင်း

Photo – Reuters
ရူဘယ်နဲ့ ပေးချေဖို့ မော်စကိုရဲ့တောင်းဆိုချက်တွေကို ငြင်းဆိုပြီးနောက် ဒတ်ချ်နိုင်ငံ Gas Terra ကဒီနေ့ မေလ ၃၁ ရက်ကစပြီး ရုရှားနိုင်ငံ Gazpromထံကနေ ဓာတ်ငွေ့လက်ခံရရှိတော့မှာ မဟုတ်ဘူး လို့ ကုမ္ပဏီနှစ်ခုက မေလ ၃၀ရက်မှာ ပြောပါတယ်။
 
အောက်တိုဘာလအထိ Gazprom ကနေ ရရှိဖို့ မျှော်လင့်ထားတဲ့ ဓာတ်ငွေ့ ၂ ဘီလီယံကုဗမီတာအတွက် တခြားနေရာမှာ စာချုပ်ချုပ်ဆိုထားတယ် လို့ ဒတ်ခ်ျအစိုးရကိုယ်စား ဓာတ်ငွေ့ ၀ယ်ယူရောင်းဝယ်ရေးကုမ္ပဏီ Gas Terra က ဆိုပါတယ်။
“Gazprom ရဲ့ တဖက်သတ် ချမှတ်ထားတဲ့ ငွေပေးချေမှု အခြေအနေတွေကို သဘောတူဖို့ GasTerra ရဲ့ ဆုံးဖြတ်ချက်ကို နားလည်ပါတယ်၊ ဒီဆုံးဖြတ်ချက်က ဒတ်ခ်ျအိမ်ထောင်စုတွေဆီဓါတ်ငွေ့ပေးပို့မှုပိုင်းဆိုင် ရာအတွက် အကျိုးဆက်တွေရှိလာမှာမဟုတ်ဘူး” လို့ ဒတ်ခ်ျစွမ်းအင်ဝန်ကြီး Rob Jettenက Twitter မှာ ရေးသားခဲ့ပါတယ်။
ယူရိုနဲ့ပေးချေရမယ့်အကောင့်တွေ တည်ထောင်ပြီးနောက် ရူဘယ် လဲလှယ်ပေးမယ့် အစီအစဉ်တွေ ပါဝင်တဲ့ ရုရှားတောင်းဆိုထားတဲ့စနစ်ကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တယ် လို့ GasTerra ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Gazprom ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ရုရှား အဆိုပြုထားတဲ့ အစီအစဉ်နဲ့အညီ ငွေပေးချေမှုတွေ မပြေလည် မချင်း ဓာတ်ငွေ့ပေးဝေမှုကို ဆက်လက်ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။