မြောင်မှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စု ၂၀ဦးထက်မနည်းသေဆုံး Pdf ရဲဘော် ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း မြောင်မြို့နယ် တမဆေးကန်ကျေးရွာအနီး အကြမ်းဖက် စစ်အုပ်စုနဲ့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေမနေ့က  မေလ ၂၉ ရက်နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၂ဝ ဦးထက်မနည်း သေဆုံးခဲ့သလို Pdf ရဲဘော် ၁ ဦးကျဆုံး ခဲ့တယ်လို့မြေလတ် – PDF MGN District တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 မြောင်နယ်‌ ဒေသခံ မဟာမိတ် တပ်ပေါင်းစုများ၊ MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့ ၊ Seven People Defence Force နဲ့ 27 Revolution Forceတို့ပူးပေါင်းပြီး အချိန် ၃ နာရီကျော်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲ အတွင်း အကြမ်းဖက် စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ‌ဒေသခံ ကာကွယ်ရေး မဟာမိတ် တပ်‌ပေါင်းစု အဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။