ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ် ယာယီပိတ်ထားလိုက်တယ်လို့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ မေလ ၂၉ရက်နေ့ ညနေ၃နာရီခွဲလောက်က စတင်ကာ အရေးပေါ် ယာယီပိတ်ထားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လမ်းပိုင်းကို လုံးဝ မသုံးမပြုဖို့နဲ့ လိုက်နာမှုမရှိပါက ဖြစ်ပေါ်လာတဲ့ လုံခြုံရေးတွေအတွက် အာမ မခံဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လမ်းပိုင်းအသုံးပြုနေဆဲ မော်တော်ယာဉ်တွေအနေနဲ့လည်း အန္တရာယ်ကင်းရှင်းစေရေးအတွက် ရောက်ရာအရပ်မှာ ခတ္တရပ်နားထားကြဖို့နဲ့ လမ်းပိုင်းကိုပြန်လည်အသုံးပြုနိုင်တဲ့ အချိန်ကိုလည်း ထပ်မံကြေညာသွားပေးမယ်လို့ သိရပါတယ်။