ဧရာဝတီတိုင်း မအူပင်မြို့နယ် ခွာလေးကျွန်း ရာဇူဒိုင်အင်းမှာ အင်းသူကြီးရဲ့ သားဖြစ်သူကို ကိုနိုင်ဦးကို အမည်မသိသေနတ်သမားအဖွဲ့က သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က မေလ ၂၈ ရက်နေ့ ညပိုင်းမှာ အမည်မသိအဖွဲ့တစ်ခုက စက်လှေနဲ့ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့သားအဖက စစ်တပ်နဲ့ပေါင်းနေတာ စစ်တပ်ကို ရွာကိုခေါ်တာလည်း သူတို့ပဲလေ၊ သူတို့လုပ်တာနဲ့ အဖမ်းခံရသူတွေလည်းရှိတယ် အဲ့ဒါကြောင့် ရှင်းခံရတာနေမယ်၊ ညက စစ်တပ်က ရောက်လာတော့ စက်လှေငှါးတာမရတော့ စိတ်ဆိုးပြီး ရွာကိုကျိန်းသွားသေးတယ်လို့ ရွာသားတွေပြောတယ်”လို့ မအူပင်မြို့ခံ တစ်ဦးကပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။