တိုက်ပွဲပြင်းထန်နေလို့ ရွှေဘို-ဝက်လက်-အုန်းတောလမ်းကို ဒီနေ့လုံးဝမသုံးကြဖို့ ထုတ်ပြန်

တိုက်ပွဲပြင်းထန်နေတာကြောင့် ရွှေဘို-ဝက်လက်-အုန်းတောလမ်းကို ဒီနေ့ လုံးဝမသုံးကြဖို့ ဝက်လက်မြို့နယ် ကာကွယ်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ဝက်လက်အနောက်ခြမ်း လှတောနဲ့ရွာသာကြီးကြား ရွှေဘို-မန္တလေးကားလမ်းပေါ်မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံPDF တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရကြောင်း ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
ဒါ့အပြင် မေ၂၈ရက်နေ့ ည၁၀နာရီကစပြီး နောက်ထပ်တစ်စုံတစ်ရာ မကြေညာမချင်းဝက်လက်မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း ၊ စစ်ကိုင်း- ရှိမ်းမကား -ကျောက်မြောင်းလမ်း၊စစ်ကိုင်း – ဝက်လက် – ရွှေဘိုလမ်းနဲ့ ဝက်လက်မြို့ကနေ ကျေးရွာတွေဆီ ဆက်သွယ်ထားတဲ့ ကားလမ်းတွေပေါ် ကားတွေအားလုံး ဖြတ်သန်းသွားလာခြင်း လုံးဝ မပြုလုပ်ကြဖို့ ဝက်လက်မြို့နယ် ကာကွယ်ရေးအင်အားစုတွေက သတိပေးထား ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။