ပုလဲ၊ ပျူစောထီးရွာကို PDF အဖွဲ့စုံ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်သားတွေစခန်းချနေတဲ့ အင်မထီးရွာကို PDF အဖွဲ့စုံက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၁၀ နာရီကျော်လောက်ကစပြီး ပျူစောထီးရွာဖြစ်တဲ့ အင်မထီးရွာကို ဒေသတွင်း PDF အဖွဲ့စုံက ၆၀(မမ)၊၄၀(မမ) လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခြင်းဖြစ်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်နေတယ်လို့ ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
‘မနက် ၁၀ နာရီကျော်ကတည်းက ပစ်နေတာ အခုချိန်ထိ လက်နက်ကြီးသံတွေ ကြားနေတုန်းပဲ။ PDF လက်နက်ကြီးတွေက လက်လုပ်ဆိုပေမဲ့ ပစ်မှတ်ကို ထိထိမိမိမှန်တဲ့ လက်နက်ကြီးတွေပါ။ အသေအပျောက်စာရင်းကိုတော့ မသိရသေးဘူး’ လို့ ရဲဘော်ပေက ဒီနေ့မွန်းလွဲ ၂ နာရီကျော်လောက်မှာ ပြောပါတယ်။
အင်မထီးရွာမှာ စစ်သား ၃၀ လောက်နဲ့ လက်နက်တပ်ဆင်ထားတဲ့ ပျူစောထီး ၅၀ လောက်ရှိတယ်လို့ သိရပါတယ်။