NUGအစိုးရကို ကန်ဒေါ်လာ၈သိန်း ထောက်ပံ့ခဲ့ပြီးဖြစ်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အမေရိကန်ဒေါ်လာ၈သိန်း ပေးပို့ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)က ထုတ်ပြန်ပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ(ကိုရီးယား)ဟာ NUGအစိုးရထံ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ ONE DAY CHALLENGE လှုပ်ရှားမှုကနေ
၂၀၂၁ခုနှစ် သြဂုတ်ကနေ ၂၀၂၂ခုနှစ် မေလအထိ လစဉ် ဒေါ်လာတစ်သိန်းပေးပို့လာခဲ့ရာ ၂၀၂၂ခုနှစ် မေလ၂၇ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ၈သိန်း ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)ဟာ One Day Challengeထောက်ပံ့ငွေနဲ့ NUG အစိုးရရဲ့ နယ်မြေစိုးမိုးရေးမဟာဗျူဟာ စီမံချက် အောင်မြင်နိုင်စေရေးအတွက် အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းကနေ တော်လှန်တိုက်ပွဲဝင်နေတဲ့ အထူးတပ်ဖွဲ့ကို အမေရိကန် ဒေါ်လာ၃သောင်း(၅၉၄သိန်းကျပ်)တန်ဖိုးရှိ ကျည်အရေအတွက် (၁၃,၅၀၀)‌ထောက်ပံ့ခဲ့ပြီး မြေပြင်LPDF အဖွဲ့ (၄၉)ဖွဲ့ထံ NUGအစိုးရရဲ့ထောက်ပံ့ ကူညီငွေ အဖြစ် ကျပ်သိန်း(၉၈၀)ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
NUGအစိုးရဟာ ONE DAY CHALLENGE ထောက်ပံ့ငွေကို ဒေသန္တရအုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့နဲ့ နယ်မြေစိုးမိုးရေး ကိစ္စရပ်တွေအတွက် သုံးစွဲနေပါတယ်။
NUGအစိုးရထံ ဘဏ္ဍာရန်ပုံငွေ ထောက်ပံ့တဲ့ ONE DAY CHALLENGE လှုပ်ရှားမှုကို ၂၀၂၁ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့က စတင်ခဲ့ပါတယ်။