လက်တင်အမေရိကရဲ့ပထမဆုံးမျောက်ကျောက်ရောဂါဖြစ်ပွားမှု အာဂျင်တီးနားနိုင်ငံ အတည်ပြု

Photo – Google

အာဂျင်တီးနားနိုင်ငံက လက်တင်အမေရိကမှာ မျောက်ကျောက်ရောဂါ ပထမဆုံးဖြစ်ပွားသူ နှစ်ဦးကို မေလ ၂၇ ရက်မှာ အတည်ပြုခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆေးမှုရလဒ်က မျောက်ကျောက်ရောဂါဖြစ်ပွားမှု တွေ့ရှိခဲ့တယ်။ အဲ့ဒီလူနာဟာ ကျန်းမာရေးကောင်းမွန်ပြီး သူနဲ့ အနီးကပ်ထိတွေ့နေရသူတွေကို စောင့်ကြည့်နေပြီး အခုချိန်ထိတော့ ရောဂါလက္ခဏာမပြသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အာဂျင်တီးနားကို မေလ ၂၅ ရက်နေ့က ရောက်ရှိလာတဲ့ စပိန်နိုင်ငံသားတစ်ဦးမှာလည်း မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုထပ်မံတွေ့ရှိခဲ့ပြီး နောက်တစ်နေ့မှာ ပြည်တည်နာတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။

အခုအချိန်အထိ ကမ္ဘာတစ်ဝှမ်းရှိ ကူးစက်ခံရသူအများစုဟာ ရောဂါမပြင်းထန်တာ တွေ့ရပါတယ်။ လက်ရှိမျောက်ကျောက်ရောဂါဖြစ်ပွားမှုမှာ ရောဂါရှာဖွေတွေ့ရှိသူအများစုက အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ဝန်းကျင်မှာ ဖြစ်ပွားနေတယ်လို့ အစီရင်ခံတင်ပြထားပါတယ်။အများစုမှာ ဥရောပမှာဖြစ်ပွားနေပြီး အတည်ပြုနဲ့သံသယရှိလူနာ ၂၀၀ ကျော်လာတယ်လို့ သိရပါတယ်။