မုံရွာ-သာစည်လမ်းကို ယာယီပိတ်

စစ်ကိုင်းတိုင်း မုံရွာမြို့ သာစည်လမ်းမကြီးကို ဒီကနေ့ မေလ ၂၆ ရက်နေ့ မနက် ၉ နာရီခန့်က စတင်ကာ ယာယီပိတ်ထားမယ်လို့ မုံရွာ UG တပ်ပေါင်းစုက သတင်းထုတ်ပြန်လာပါတယ်။
မိုးဆက်တိုက်ရွာသွန်းနေပြီး မိုင်းမတော်တဆပေါက်ကွဲမှုတွေ ကြုံတွေ့လာရနိုင်တာ​ကြောင့် အခုလို ပိတ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
“သာစည်လမ်းပေါ်သို့ ဖြစ်နိုင်လျှင် မသွားကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်၊ နောက်တစ်ကြိမ် ဆက်ပြောပါမယ် မိုင်းများမတော်တဆ ပေါက်ကွဲနိုင်တာကြောင့် ယခုလိုခေတ္တခန ပိတ်ပင်ခြင်းဖြစ်ပါသည်။ ပြန်လည်သွားလာလို့ရသည့် အချိန်ကို ထုတ်ပြန်ပေးပါမည်” လို့ ဒသမုံရွာပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။