မြင်းမူမှာ တင့်ကားတွေတိုက်ခိုက်ခံရ၊ တစ်စီးပျက်၊ စစ်သား ၂၀ကျော် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊မုံရွာမြို့ကနေ မောင်းနှင်လာတဲ့ တင့်ကား၃စီးကို ဒေသတွင်းမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက် ခိုက်ခဲ့ရာ တစ်စီးပျက်စီးပြီး စစ်သား၂၀ကျော်အပြင်းအထန်ဒဏ်ရာရတဲ့အပြင် သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရ ပါတယ်။
ချောင်းဦးမြို့နဲ့ မြင်းမူမြို့နယ်၊ဂွေးပင်တောရွာကြားမှာ ဒီနေ့မနက်၈နာရီလောက်က စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ ချောင်းဦးFRF ၊ချောင်းဦးCRA 2 ၊Black Eagle Defence Force –MMU မဟာမိတ်၄ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဒီနေ့မနက်၈နာရီလောက်ကလည်း ချောင်းဦး-မြင်းမူကားလမ်းပိုင်းတစ်နေရာမှာ စစ်သားတွေလိုက်ပါလာတဲ့ သံပြားကာကားနှစ်စီးကို Farmers Revolution Force FRF(CHU)တပ်ရင်းက ဦးဆောင်ကာ ၊Black Eagle Defence Force –MMU ၊Chaung U Revolution Army (CRA)နဲ့ Zarmini MMU တို့ ပဒေသာမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား၂၀ကျော်သေဆုံးခဲ့တယ်လို့ ၊Black Eagle Defence Force –MMU ကထုတ်ပြန်ပါတယ်။