စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းကျေးရွာကို ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်လောက်နဲ့ မီးရှို့နေခြင်းဖြစ်ပြီး အိမ်ခြေဘယ်လောက် မီးလောင်ကျွမ်းခဲ့သလဲဆိုတာကို မသိရသေးပါဘူး။
မေလ ၂၅ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်၊အောင်ချမ်းသာ၊ မြရိပ်နဲ့ ဆည်ထန်းတောကြီးကျေးရွာတို့က အပြစ်မဲ့ပြည်သူ့ နေအိမ်တချို့ကို အကြမ်းဖက်စစ်တပ်က ခိုးဆိုးလုယက်ပြီးနောက် မီးရှို့ခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အကြား ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ မြောက်ယမားတံတား လမ်းကြေးကောက်ခံတဲ့ မြတ်နိုးသူကုမ္ပဏီရဲ့ ဂိတ်အဆောက်အဦ (၂) လုံးနဲ့ အလုပ်သမားလိုင်းခန်း (၁) ခန်းတို့ကို မီးရှို့ဖျက်ဆီးကာ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာ သုဿာန်အနီးမှာ လမ်းပြအဖြစ်ဖမ်းဆီးလာတဲ့ အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။