မုံရွာမြို့ပေါ်က စစ်အုပ်စု ပစ်မှတ်နှစ်နေရာကို လက်လုပ်ဗုံးနဲ့ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ စစ်အုပ်စုပစ်မှတ် နှစ်နေရာကို လက်လုပ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ People’s Defence Force – South Monywa က ထုတ်ပြန်ပါတယ်။
မေလ ၂၅ ရက်နေ့၊ ညနေ ၃ နာရီလောက်မှာ မုံရွာမြို့၊ အေးရိပ်သာလမ်းပေါ်ရှိ စက်မှုဇုန်စာသင်ကျောင်းအတွင်းရှိ စစ်အုပ်စု ဘန်ကာဆီ အုတ်တံတိုင်းကျော်ကာ လက်လုပ်ဗုံးတစ် လုံး ပစ်သွင်းခဲ့ရာ အထိအခိုက် များပြားနိုင်ကြောင်း သိရပါတယ်။
ဗုံးပေါက်ကွဲအပြီးမှာ စစ်အုပ်စုဝင်တွေဟာ စာသင်ကျောင်းအရှေ့ထွက်လာကာ သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။
ဆက်လက်ပြီး ညနေ ၃ နာရီခွဲလောက်မှာလည်း ဆည်မြောင်းရုံးဘန်ကာကို လက်လုပ်ဗုံးတစ်လုံး ပစ်သွင်းခဲ့ ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု လုံးဝမရှိခဲ့ပါဘူး။