စစ်ကိုင်းတိုင်း၊ မြင်းမူနဲ့ချောင်းဦးကြားမှာ အိမ်စီးကားနဲ့လာတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရပြီး ၄ ဦး ပြင်းထန် ဒဏ်ရရတယ်လို့ သိရပါတယ်။
မေ ၂၄ ရက်နေ့က မြင်းမူမြို့ ဂွေးပင်တောနဲ့ ချောင်းဦးမြို့ကြား တံတားကွေ့နေရာမှာ မုံရွာမြို့ဘက်ကနေ မောင်းနှင်လာတဲ့ မက်တူးအဖြူရောင်ပေါ်က စစ်သားတွေ မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘ဒီနေ့မနက် ထပ်ကြားတာက မိုင်းထိတဲ့ ၄ ကောင်ထဲက ၂ ကောင်ဆေးရုံပေါ်ရောက်ပြီးမှ သေတယ်တဲ့။ ဒါပေမဲ့ အဲဒီသေသတင်းကို အခုထိအတည်မပြုနိုင်သေးဘူး’ လို့ မြင်းမူမြို့၊ အနောက်ပိုင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း (၁)၊ ချောင်းဦး FRF နဲ့ Zarmani Revolution Force မဟာမိတ် ၃ ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။