စစ်ကိုင်းနဲ့မြင်းမူရွာတွေဘက် ဝင်ရောက်အကြမ်းဖက်တဲ့စစ်တပ် မိုင်းဆွဲခံရ၊၅ဦးထက်မနည်းသေ

စစ်ကိုင်းနဲ့မြင်းမူမြို့နယ်ထဲကကျေးလက်တွေကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် မိုင်းဆွဲခံရပြီး စစ်သား၅ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

မူးမြစ် အရှေ့ဘက် စစ်ကိုင်းမြို့နယ် မူးသာရွာ နဲ့ မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် အင်းမရွာကို မေလ၂၄ရက် မနက် ၅နာရီလောက်က စစ်ကြောင်း ၂ကြောင်း တစ်ပြိုင်တည်းဝင်ရောက်ခဲ့ကြပြီး အကြမ်းဖက်ရှာဖွေမှုတွေပြုလုပ်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။

နေ့လယ် ‌‌၁၂နာရီလောက်မှာ မူးသာဘက်လာတဲ့ အကြမ်းဖက်စစ်သားအင်အား(၆၀)လောက်ပါတဲ့ စစ်ကြောင်းဟာ မူးသာကနေ ပြန်အထွက်မှာ မိုင်းဆွဲခံရတာကြောင့် စစ်သားတွေ သေဆုံးမှုရှိပြီး အရေအ တွက်ကို မသိရသေးပါဘူး။

အကြမ်းဖက်စစ်တပ် ဖမ်းဆီးထားခြင်းခံရတဲ့ မူးသာရာပြည့်ဆရာတော် ရဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်ရှာဖွေမှုတွေပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

 အင်းမဘက်မှာတော့  အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ဦး ကျဆုံးခဲ့ပါတယ်။ အင်းမဝင်တဲ့ စစ်တပ်ဟာ ည ၇နာရီကျော်အချိန် မှာ အင်းမ၊ ဂုံညင်းဆိပ်က  ရွာသား ၁၇ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ပြီး ပြန်ထွက်လာခဲ့ကြောင်း  အဲဒီစစ်တပ်ဟာ  ဂုံညင်းဆိပ်နဲ့ကံပြားကြားအ‌ရောက် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံးစစ်သား ၅ဦးသေဆုံးနိုင်တယ်လို့သိရကြောင်း ထုတ်ပြန်ပါတယ်။