မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ရွာက စစ်သတင်းပေးလို့ အများကသတ်မှတ်ထားသူတစ်ဦးကို ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။
ကျိုက်ထိုမြို့နယ်၊မုပ္ပလင်ကျေးရွာ၊မြို့သစ်(၁)ဇေယျာသုခကျောင်းတိုက်အနီးမှာနေတဲ့ စစ်တပ်သတင်းပေး လို့ အများက သတ်မှတ်ထားသူ ဆိုင်ကယ်ကယ်ရီဆွဲတဲ့ ဇော်သန်းဆိုသူကို ကျိုက်ထိုတော်လှန်ရေးအင် အားစု (KRF)နဲ့ ကျိုက်ထိုပကဖ တို့က စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ပြီး သထုံစုအန္တရာယ်ကွေ့မှာ မေ၂၄ရက်၊နေ့ခင်း ပိုင်းက ရှင်းလင်းခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ပါတယ်။
ကျိုက်ထိုတော်လှန်ရေးအင်အားစုအနေနဲ့ စစ်အုပ်စုလက်ပါးစေ၊သတင်းပေးတွေနဲ့ စစ်အုပ်စုထောက်တိုင်တွေ ကို ဆက်လက်ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။