တနင်္သာရီစစ်တပ်စခန်းတစ်ခုကို ပြောက်ကျားစနစ်နဲ့ဝင်တိုက်၊ စစ်သားတစ်ဦးသေ

တနင်္သာရီမြို့နယ်၊သိန္ဒောကျေးရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
မေ၂၄ရက်နေ့၊ညနေ၅နာရီလောက်မှာ ပြောက်ကျားစနစ်နဲ့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု(SWDF)အဖွဲ့ကထုတ်ပြန်ပါတယ်။
တိုက်ခိုက်ပြီးတဲ့နောက် SWDF အဖွဲ့က အထိအခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။