မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ သိမ်ဇရပ်အခြေစိုက် အမှတ် (၂၀၇) ခြေမြန်တပ်ရင်းနဲ့ သိမ်ဇရပ်မြို့မရဲစခန်းတို့ကို ဒီနေ့မနက် ၃ နာရီခွဲလောက်က အဆင့်မြင့်နည်းပညာနဲ့ တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ထဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သေဆုံးထိခိုက်အခြေအနေကို သိရပေမဲ့ သိမ်ဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ပါတယ်။
ထပ်မံတိုက်ခိုက်ဖို့ အခွင့်အရေးများရှိပေမဲ့တပ်ရင်းရှိ မိသားစုတွေထိခိုက်မှာကို ငဲ့ညှာတဲ့အနေနဲ့ သတိပေးအနေနဲ့သာ ပြုလုပ်ခဲ့ကြောင်းဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို KNLA ၊ PDF နဲ့ ပကဖ တော်လှန်ရေးအင်အားစုများ ပူးပေါင်းအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ဘယ်လိုအဆင့်မြင့်နည်းပညာနဲ့ တိုက်ခိုက်ခဲ့သလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာမဖော်ပြထားပါဘူး။