ရေစကြိုမှာ ဈေးဝယ်ထွက်လာတဲ့ရဲတွေ တိုက်ခိုက်ခံရပြီး ၃ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဈေးဝယ်ထွက်လာတဲ့အကြမ်းဖက်ရဲတွေ တိုက်ခိုက်ခံရပြီး ၃ဦးသေဆုံး ခဲ့ကြောင်းသိရပါတယ်။
မကွေးတိုင်းရေစကြိုမြို့နယ် မြေတော်ကျေးရွာရှိ မြေတော် ရဲစခန်းကနေ ဈေးဝယ်ထွက်လာတဲ့ ရဲ၇ဦးကို ဒေသတွင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ ၃ဦးသေ၊၂ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး G3၂လက်၊G3ကျည်၃၅တောင့်၊ဗုံး၁လုံး၊ဖုန်း ၂လုံးနဲ့ငွေ၃၁၄၅၀ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)က ထုတ်ပြန်ပါ တယ်။
အဲဒီတိုက်ခိုက်မှုကို YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)၊MGN-Tiger ၊Bagan Nyaung Oo PDFနဲ့
Black Wolf PDF –Mdy တို့ ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ပါတယ်။