စစ်တပ်က အရပ်သားတွေကို ရက်ရက်စက်စက်တိုက်ခိုက်နေမှုအပေါ် ကန်-ဂျပန် ခေါင်းဆောင်နှစ်ဦး ရှုတ်ချ

photo-မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းမှုနဲ့ အရပ်သားတွေကို ရက်စက်ကြမ်းကြုတ်စွာတိုက်ခိုက်နေမှုအပေါ် အမေရိကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ်တို့က ရှုတ်ချခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့ တို့တိုကျိုမြို့မှာတွေ့ဆုံအပြီး မေလ၂၃ရက်နေ့ ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ အဲဒီလို ရှုတ်ချခဲ့ကြတာပါ။
အကြမ်းဖက်မှုတွေချက်ချင်းရပ်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တစ်နိုင်ငံလုံးကို အချုပ်အချယ်အကန့်အသတ်မရှိရောက်ရှိစေရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး တွန်းအားပေးဖို့လည်း သံန္နိဋ္ဌာန်ပြုခဲ့ကြပါတယ်။
အမေရိကန်နဲ့ဂျပန်ခေါင်းဆောင်နှစ်ဦးတို့က အဲဒီလို ကြေညာချက်ထုတ်ပြန်နေချိန်မှာ အကြမ်းဖက်စစ် ခေါင်း ဆောင်မင်းအောင်လှိုင်ကလည်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ ကျေးလက်တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို သတ်ဖြတ်မီးရှို့နေဆဲပါပဲ။
အမေရိကန်သမ္မတနဲ့ တောင်ကိုရီးယားသမ္မတသစ် Yoon Suk-yeol တို့ တွေ့ဆုံမှုအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်ထဲမှာလည်း အထက်ပါအတိုင်းတောင်းဆိုခဲ့ပါသေးတယ်။