Chevron မှ စစ်အုပ်စုကို ငွေလွှဲချက်ချင်းရပ်ဖို့ ကမ္ဘာနိုင်ငံအသီးသီးမှ ပြည်သူများ ပါဝင်တောင်းဆို

photo-Global Myanmar Spring Revolution
အမေရိကန်ရေနံကုမ္ပဏီ Chevron မှ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ငွေလွဲ ချက်ချင်းရပ်ဖို့ ကမ္ဘာနိုင်ငံအသီးသီးမှ ဒီမိုကရေစီအရေးလိုလားသူများက ဓာတ်ပုံကမ်ပိန်းမှာပါဝင် တောင်းဆို ဆန္ဒပြခဲ့ကြတာလို့ Global Myanmar Spring Revolution ကဖော်ပြထားပါတယ်။
” Chevron, TotalEnergies – စစ်အုပ်စုကို ငွေလွှဲတာ ချက်ချင်းရပ်၊ သင့်အခွန်ငွေနဲ့ ပြည်သူတွေ အသတ်ခံနေရတယ်။ ဓါတ်ငွေ့ခွန်တွေကို ထိန်းချုပ်ထားတဲ့ အကောင့်ထဲမှာ သိမ်းဆည်းပါ။ TotalEnergies – Don’t ask for sanctions exemptions! အ​ရေးယူ ပိတ်ဆို့မှုရဲ့ ကင်းလွတ်ခွင့်ကို မသုံးပါနဲ့။ TotalEnergies – Don’t bankroll the junta with another $250 Million! ဖက်ဆစ်အုပ်စုထံ ​နောက်ထပ် သန်း ၂၅၀ ထပ်မလွှဲပါနဲ့” ဆိုတဲ့ စာသားတွေကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အမေရိကန်၊ ဆွီဒင်၊ သြစတြေးလျ၊ ယူကေ၊ ဂျပန်၊ တောင်ကိုရီးယား၊ထိုင်ဝမ်၊ပြင်သစ်၊ အိုင်ယာလန် အစရှိတဲ့ နိုင်ငံအသီးသီးမှ ​ဒီမိုကရေစီအရေးလိုလားတဲ့ မြန်မာနိုင်ငံသားတွေအပြင် နိုင်ငံခြားသားတွေလည်း ပါဝင်ခဲ့ကြတာပါ။
အဆိုပါဓာတ်ပုံကမ်ပိန်းကို မေလ ၂၂ မှ ၂၅ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး Chevron နဲ့ Total Energies ကုမ္ပဏီကို ဖိအားပေးတောင်းဆိုတဲ့ စာသားနှင့်အတူ အနီရောင်အင်္ကျီ (သို့ ) သွေးစွန်းနေတဲ့အင်္ကျီ ၊ အနီရောင် လက်ပတ်တွေ ဝတ်ဆင်ကာ လက်သုံးချောင်းထောင် သင်္ကေတဖြင့် ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာတွေမှာဖော်ပြတာ၊ Blood Money – သွေးစွန်းငွေ လူမှုကွန်ယက်စာမျက်နှာကို ပို့ဆောင်တာတွေ ပြုလုပ်နိုင်​ကြောင်း GMSR ကဖော်ပြထားတာပါ။