မြင်းမူမှာ အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ကြိမ်မိုင်းဆွဲ၊ကား ၃စီးပျက်စီ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်စစ်ယာဉ်တန်းကို ၃ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား၃စီး ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းကနေမုံရွာဘက်သွားနေတဲ့ ကား၁၆စီးပါအကြမ်းဖက်စစ်ယာဉ်တန်းကို မေလ၂၃ရက်နေ့မနက်၁၁ နာရီ၁၉မိနစ်လောက်က မြင်းမူမြို့နယ်၊ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာကြားမှာ ပဒေသာမိုင်းစစ်ဆင်ရေးဆောင် ရွက်ခဲ့ရာ ၈စီးမြောက်အကြမ်းဖက်ကားထိမှန်ခဲ့ကြောင်း မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီနောက် ကျန်၁၅စီးယာဉ်တန်း ဆက်လက်ထွက်ခွာခဲ့ရာ မနက်၁၁နာရီခွဲလောက်မှာ ဘိုးမင်းကြီးကင်းနဲ့ ဂွေးပင်တောရွာကြား ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
မြင်းမူမြို့ဈေးအနီးမှာနေထိုင်သူတစ်ဦးက ‘ကျွန်မတို့သိရသလောက် ၃ကြိမ်မိုင်းဆွဲတာ သေချာချက်ကောင်းမှန်တယ်။ထိတဲ့စစ်ခွေးတွေကို သူတို့ကားပေါ်တင်သွားတယ်။ဘယ်လောက်သေသလဲမသိ ဘူး’လို့ ဆိုပါတယ်။
မေ၂၃ရက်နေ့ နေ့ခင်း၁၂နာရီလောက်ကလည်း မုံရွာကနေ စစ်ကိုင်းကိုသွားနေတဲ့ ၁၇စီးပါ အကြမ်းဖက်စစ်ယာဉ်တန်းကို မြင်းမူမြို့နယ်၊ဝမ်းပြည့်ရွာနဲ့မြင်းမူမြို့ကြားမှာ ပဒေသာမိုင်း နဲ့ တစ်ဖက်ပွင့် ပြောင်း၂လုံးတို့နဲ့ စစ်ဆင်ရေးဆောင်ရွက်ခဲ့ရာ ၁၃စီးမြောက်ကား ပြင်းထန်စွာထိမှန်ခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်သားသေဆုံး၊ဒဏ်ရာရစာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ အထိအခိုက်မရှိခဲ့ပါဘူး။
အဲဒီစစ်ဆင်ရေးတွေကို Black Eagle Defence Force-MMU ကဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြပါတယ်။