ဩစတေးလျ-အာဆီယံ စီပွားရေးဖိုရမ်ရှေ့ မြန်မာမိသားစုတွေ ဆန္ဒပြ

Photo – Aye Min Soe Facebook
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ကျင်းပနေတဲ့ ဩစတေးလျ-အာဆီယံ စီပွားရေးဖိုရမ်ရှေ့မှာ မြန်မာမိသားစုတွေက ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာမိသားစုတွေက အာဆီယံ အသိုင်းအဝိုင်းကို မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုမပြုဖို့၊ အကြမ်းဖက်စစ်တပ်ကိုမဆက်ဆံဖို့နဲ့ NUG အစိုးရကို အသိအမှတ်ပြုဆက်ဆံဖို့ ဒီကနေ့ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြတယ်လို့ NUG/ CRPH Support Group ရဲ့ ဗစ်တိုးရီးယားပြည်နယ် ကိုယ်စားလှယ်ဦးအေးမင်းစိုးက ပြောပါတယ်။
ဆန္ဒပြပွဲကို ဒီကနေ့မနက် ၈ နာရီခွဲကနေ ညနေ ၅ နာရီအထိ မြန်မာအင်အား ၄၀ ကျော်က ဆန္ဒပြခဲ့ကြတာပါ။
ကနဦးမှာ အဲဒီဖိုရမ်ကို တက်ရောက်ဖို့ အကြမ်းဖက် စစ်အုပ်စုခန့် သံအမတ်သာအောင်ညွန့်ကို ဖိတ်ကြားထားခဲ့ပေမဲ့ ဩစတေလျံ ဂရင်းအမတ်က ဗစ်တိုးရီးယားလွှတ်တော်မှာ မေးခွန်းထုတ်ခဲ့တာကြောင့် ဖိတ်ကြားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။