မိုးဗြဲမြို့အနီးရှိ ၊ဝှါရီဆူးပလိုင်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာပြန်ယူနိုင်ဖို့ လုံခြုံရေးယူ ပေး စဥ် စစ်အုပ်စုတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်- MBPDF က ထုတ်ပြန်ပါတယ်။
စစ်ရှောင်ကာလ ကြာလာသလိုအစားအသောက်တွေခက်ခဲလာတာကြောင့်နေအိမ်တွေမှာ စားနပ်ရိက္ခာတွေ ပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်မှ လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပြီး လုံခြုံရေးယူပေးနေစဥ် မနေ့ကမေလ ၂၂ရက်နေ့ညနေ ၄ နာရီခန့်မှာ ဝှါရီဆူးပလိုင်ရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတပ်တွေနဲ့ မိနစ် ၃၀ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
စစ်အုပ်စုဘက်မှ ထိခိုက် ကျဆုံးမှုရှိနိုင်ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
MBPDF ဘက်မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီးပြန်လည် ဆုတ်ခွာလာနိုင်ခဲသလို ပြည်သူတွေလိုအပ်တဲ့ရိက္ခာတွေကို အချိန်မီယူဆောင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။